Khit Thit သတင်းဌာန၏ မတ် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  March 06, 2023

Khit Thit သတင်းဌာန၏ မတ် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - မကွေးတိုင်း၊ မြိုင်မြို့နယ်ကို ရိက္ခာသယ်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး တွေကို မတ်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ကြားဖြတ်တိုက် ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦး သေပြီး လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ Myaing Villages Revolution Front - MVRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ - မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးက ခိုင်ရွှေစိမ်း- ကျွဲကောခြံအတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်ကို ခိုလှုံခွင့် ပေးထားတဲ့ ခြံပိုင်ရှင် တရုတ်စိုးသန်း နဲ့ အလုပ်သမားတို့ ၂ ဦးဟာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းကိုပဲ ပြန်နင်းမိပြီး သေသွားတယ်လို့ Kyaikhto Information Team ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် ကိုပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်က တပ်ကြပ် ငစိုး နဲ့ ပျူစောထီး ဝေဠုတို့ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ ပျူစောထီး ဝေဠု သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi